မင်္ဂလာပါ ညီ ကို မောင် မ သူငယ်ချင်းများတို့ Welcome to my blog. My Gtalk: khun15.00@gmail.com

Subscribe

RSS Feed (xml)



Powered By

Skin Design:
Free Blogger Skins

Powered by Blogger

ကျွန်တော်အကြောင်းရဲ့ တစေ့သစောင်း

နာမည် = ခွန်ဇော်လတ်

မွေးသက္ကရာဇ် = ၉-၁၀-၁၉၈၉(တနင်္ဂနွေ)

လူမျိုး = ပအိုဝ်းလူမျိုး

ကိုးကိုယ်သည့်ဘာသာ =ဗုဒ္ဓဘာသာ

နေရပ်လိတ်စာ = တောင်ကြီးမြို့ နယ်၊ နောင်လေ(ထီဆုံ)

အလုပ်အကိုင= ပညာရှာနေတုန်း(ယခု ။ ပုသိမ်)

အချစ်ရေး = လုံးဝမရှိသေးပါ

ဝါသနာ= အဝေးသို့ ခရီးသွားလာခြင်းကို နှင့်
ဂိမ်းကစားခြင်းအပြင်စာဖတ်ခြင်း

အကြိုက်ဆုံးအစားအစာ= စပ်သောအစားကိုကြိုက်ပါတယ်


အကြိုက်ဆုံးအရောင် = အနီရောင်နှင့်အမဲရောင်ကိုပိုကြိုက်ပါတယ်

အားကစား =့် ရေကူးခြင်း

ကမ္ဘာအေး တရားတော်

ဗုဒ္ဓ ဘာသာကို စိတ် ဝင်စားသော နိုင်ငံခြားသားများက မြန်မာ လူမျိုးများဟာ စကား ပြောလိုက်ရင် “ကံ- ကံ” နဲ့ တယ် ပြောကြသတဲ့။ ကံကောင်းလို့ ကံမကောင်းလို့ စသည်ဖြင့် ပေါ့လေ။

အဲဒီတော့ ကံဆိုတာ ဘာကို ပြောတာလဲ။ကံဆိုတာ ကာယကံ၊ ဝစီကံ၊ မနောကံ ပဲ ဖြစ်ပါတယ်။

ကိုင်း … အဲဒါတွေကရော ဘာတွေတုန်း။ကာယကံ သုံးပါး၊ ဝစီကံ လေးပါး၊ မနောကံ သုံးပါး ပါပဲ။

ကာယကံ သုံးပါး ဆိုတာကတော့ သူ့ အသက် သတ်ခြင်း၊ သူမပေးပဲ ယူခြင်း၊ သူတပါး သားမယားကို ပြစ်မှားခြင်း တွေပါပဲ။ အဲဒီ ကံသုံးပါးကို နှုတ်ဖြင့် သော်၎င်း၊ စိတ်ဖြင့် သော်၎င်း ကျုးလွန်နိုင်ခြင်း မရှိပဲ ကိုယ်ကာယ ဖြင့်သာ ကျုးလွန်မှ ဖြစ်တာမို့ ကာယကံလို့ ခေါ်ပါတယ်။

ဝစီကံ လေးပါး ဆိုတာကတော့ လိမ်ပြောတာ၊ ကုန်းချောပြောတာ၊ ရုတ်ရင်း ကြမ်းတမ်းသော စကားကို ပြောတာ၊ အကျိုး မရှိသော စကားကို ပြောတာ ဖြစ်ပြီး နှုတ်ဖြင့်သာ ကျုးလွန် နိုင်၍ ဝစီကံလို့ ခေါ်ပါတယ်။

သူများ ပစ္စည်းကို လိုချင်တာ၊ သူများကို ပျက်စီး စေချင်တာ၊ အမှန်ကို အမှား၊ အမှားကို အမှန်လို့ ယူဆတာ တွေဟာ စိတ်နဲ့သာ လုပ်ဆောင် နိုင်သမို့ မနောကံ သုံးပါးလို့ ခေါ်ပါတယ်။

ဒါတွေ အားလုံးကို ပေါင်းလိုက်တော့ ဒုစရိုက် ဆယ်ပါး ဖြစ်သွားပါတယ်။ အဲဒီ မကောင်းတာ တွေကို လုပ်ရင် မကောင်းတာ တွေပဲ ဖြစ်ပါလိမ့်မယ်။ ကောင်းတာ တွေကို လုပ်ရင်တော့ ကောင်းကျိုးတွေ ရပါ လိမ့်မယ်။ အဲဒါဟာ ကံနဲ့ ကံ၏ အကျိုးကို ယုံကြည်တာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာ တွေဟာ အလွန် သိသာပါတယ်။ အဲဒီလို သိတာကို ဝိဇ္ဇာလို့ ခေါ်ပြီး မသိတာကို အဝိဇ္ဇာလို့ ခေါ်ပါတယ်။ မသိတဲ့ အတွက် အကုသိုလ် မကောင်းမှု တွေကို လုပ်မိ ကြပါလိမ့်မယ်။ သိရင်တော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။

မကောင်းတဲ့ အာရုံများဟာ လောဘ၊ ဒေါသ၊ မောဟ အကြောင်း သုံးပါး ကြောင့်သာ ပေါ်လာရတာပါ။ မြင်လို့၊ ကြားလို့၊ အနံ့ရလို့၊ အရသာခံလို့၊ တွေ့ထိလို့၊ စိတ်ပျံ့လွင့်တာကို မထိန်းနိုင်လို့ ဒီအကြောင်း သုံးပါး ဖြစ်ပေါ်ခြင်းပါပဲ။ မြင်တာကို နှစ်သက်ရင် လောဘ၊ မနှစ်သက်ရင် ဒေါသ ဖြစ်ပါတယ်။ ဒီတော့ မြင်တာကို “မြင်တယ်” လို့ အသိစိတ် ဝင်ပြီး အဲဒီမှာတင် ရပ်ထားနိုင်ရင် လောဘနဲ့ ဒေါသ ဝင်မလာ နိုင်ပါဘူး။

ရပ်နေတုန်း၊ ထိုင်နေတုန်း၊ သွားနေတုန်း၊ အိပ်နေတုန်း အချိန်တွေမှာ “မြင်တယ်၊ ကြားတယ်၊ ရပ်တယ်၊ ထိတယ်၊ နံတယ်” ဆိုတာ လောက်မှာပဲ သတိထား နေရင် လောဘ ဒေါသတွေ ဝင်မလာ နိုင်တော့ပါဘူး။အဲဒီလို နှလုံး သွင်းနေတာကို “သမ္ပဇည ပဗ္ဗ” တရား အားထုတ်နည်း လို့ ခေါ်ပါတယ်။ မြန်မာလိုတော့ သတိ သမ္ပဇဉ်နဲ့ နေနည်းပေါ့။

အဲဒီလိုသာ လူတိုင်း နေနိုင်ကြရင် သူများ အသက်ကို သတ်ခြင်း၊ ခိုးယူ တိုက်ခိုက်ခြင်း၊ နိုင့်ထက် စီးနင်း လုပ်ချင် ကြတော့မှာ မဟုတ်ပါဘူး။ တကမ္ဘာလုံး ကသာ ကျင့်သုံးနို်င် ရင်တော့ တကမ္ဘာလုံး ငြိမ်းချမ်း ကြမှာမို့လို့ ကမ္ဘာအေး တရားဟု မှတ်ကြပါလော့။

(တောင်ပုလု ကမ္ဘာအေး ဆရာတော်ကြီး မှ ဆရာကြီး ဦးသုခ အပါအ၀င် ပါရမီရပ်ကွက်မှ ဒကာ ဒကာမ များကို ဟောကြားသော ကမ္ဘာအေး တရားတော်ကို ဓမ္မရသ အလှမျိုးစုံ စာမျိုးစုံ စာအုပ်မှ အကျဉ်းချုံ ကူးယူ ဖေါ်ပြထားခြင်း ဖြစ်ပါတယ်။)

Thursday, December 18, 2008

သွားပါတော့

သွားတော့.... အာရုံလာမစားနဲ့ တော့ 
သွားတော့.... ထပ်ပြီးမနှိပ်စက်ပါနဲ့ တော့
သွားတော့.... မာယာတွေ ပြန်ရုပ်သိမ်းတော့
သွားတော့.... ထပ်မလှည့်စားနဲ့ တော့
သွားတော့.... ချစ်တယ်ဆိုတဲ့ ပေါ့ပေါ့တန်တန်အချစ်တွေ လွင့်ပစ်လိုက်တော့
သွားတော့.... အတိတ်ကဇာတ်လမ်းတွေ ထပ်ပြီးမပျိုးနဲ့ တော့
သွားတော့.... အဆိပ်အလွမ်းတွေ ငါ့ကိုမလွှမ်းခြုံနဲ့ တော့
သွားတော့.... ပဟေဠိအပြုံးတွေ ငါ့ကိုလာမဖြေရှင်းခိုင်းနဲ့ တော့ 
သွားတော့.... မင်းဖန်ဆင်းတဲ့လမ်း မင်းကိုယ်မင်းလျှောက်တော့ 
သွားတော့.... ငါ့ရဲ့ ဖြူစင်တဲ့အချစ်တွေ လာမလုယူပါနဲ့ တော့
သွားတော့.... ငါ့ကိုအနိုင်မယူချင်နဲ့ တော့
သွားတော့.... ငါ့ရဲ့ နူးညံ့တဲ့နှလုံးသား နောက်တစ်ခါမပြုစားနဲ့ တော့ 
သွားတော့.... မင်းရဲ့ အိမ်မက်ကမ္ဘာတွေ တစ္ဆေလိုအချစ်တွေ လာမခြောက်ပါနဲ့ တော့
သွားပါတော့.... မင်းအတွက်မျက်ရည်တွေ ထပ်ပြီးမကျချင်တော့ဘူး....
ဒီပွဲမှာ မင်းနိုင်ပါတယ်.... ငါ့ကိုမင်းရဲ့ အစေအပါးတစ်ယောက်လို လုပ်ပေးခဲ့လို့ 
မင်းမရယ်လိုက်ပါနဲ့ ....
ဒါတွေဟာ မင်းကိုသိပ်ချစ်ခဲ့လို့ ဆိုတာ မင်းသိပါ....
မင်းရဲ့ သင်ခန်းစာတွေအတွက် မင်းကိုတစ်ခုဘဲ
ပြောချင်တယ်.... “သိပ်ကျေးဇူးတင်တယ်”....
ငါဒီလောက်အချစ်မပေါဘူး.... စိတ်ချ.... ငါ့လိုအချစ်မျိုး
ဒီတစ်သက်ဘယ်တော့မှပြန်မရစေရဘူး....

No comments: