မင်္ဂလာပါ ညီ ကို မောင် မ သူငယ်ချင်းများတို့ Welcome to my blog. My Gtalk: khun15.00@gmail.com

Subscribe

RSS Feed (xml)



Powered By

Skin Design:
Free Blogger Skins

Powered by Blogger

ကျွန်တော်အကြောင်းရဲ့ တစေ့သစောင်း

နာမည် = ခွန်ဇော်လတ်

မွေးသက္ကရာဇ် = ၉-၁၀-၁၉၈၉(တနင်္ဂနွေ)

လူမျိုး = ပအိုဝ်းလူမျိုး

ကိုးကိုယ်သည့်ဘာသာ =ဗုဒ္ဓဘာသာ

နေရပ်လိတ်စာ = တောင်ကြီးမြို့ နယ်၊ နောင်လေ(ထီဆုံ)

အလုပ်အကိုင= ပညာရှာနေတုန်း(ယခု ။ ပုသိမ်)

အချစ်ရေး = လုံးဝမရှိသေးပါ

ဝါသနာ= အဝေးသို့ ခရီးသွားလာခြင်းကို နှင့်
ဂိမ်းကစားခြင်းအပြင်စာဖတ်ခြင်း

အကြိုက်ဆုံးအစားအစာ= စပ်သောအစားကိုကြိုက်ပါတယ်


အကြိုက်ဆုံးအရောင် = အနီရောင်နှင့်အမဲရောင်ကိုပိုကြိုက်ပါတယ်

အားကစား =့် ရေကူးခြင်း

ကမ္ဘာအေး တရားတော်

ဗုဒ္ဓ ဘာသာကို စိတ် ဝင်စားသော နိုင်ငံခြားသားများက မြန်မာ လူမျိုးများဟာ စကား ပြောလိုက်ရင် “ကံ- ကံ” နဲ့ တယ် ပြောကြသတဲ့။ ကံကောင်းလို့ ကံမကောင်းလို့ စသည်ဖြင့် ပေါ့လေ။

အဲဒီတော့ ကံဆိုတာ ဘာကို ပြောတာလဲ။ကံဆိုတာ ကာယကံ၊ ဝစီကံ၊ မနောကံ ပဲ ဖြစ်ပါတယ်။

ကိုင်း … အဲဒါတွေကရော ဘာတွေတုန်း။ကာယကံ သုံးပါး၊ ဝစီကံ လေးပါး၊ မနောကံ သုံးပါး ပါပဲ။

ကာယကံ သုံးပါး ဆိုတာကတော့ သူ့ အသက် သတ်ခြင်း၊ သူမပေးပဲ ယူခြင်း၊ သူတပါး သားမယားကို ပြစ်မှားခြင်း တွေပါပဲ။ အဲဒီ ကံသုံးပါးကို နှုတ်ဖြင့် သော်၎င်း၊ စိတ်ဖြင့် သော်၎င်း ကျုးလွန်နိုင်ခြင်း မရှိပဲ ကိုယ်ကာယ ဖြင့်သာ ကျုးလွန်မှ ဖြစ်တာမို့ ကာယကံလို့ ခေါ်ပါတယ်။

ဝစီကံ လေးပါး ဆိုတာကတော့ လိမ်ပြောတာ၊ ကုန်းချောပြောတာ၊ ရုတ်ရင်း ကြမ်းတမ်းသော စကားကို ပြောတာ၊ အကျိုး မရှိသော စကားကို ပြောတာ ဖြစ်ပြီး နှုတ်ဖြင့်သာ ကျုးလွန် နိုင်၍ ဝစီကံလို့ ခေါ်ပါတယ်။

သူများ ပစ္စည်းကို လိုချင်တာ၊ သူများကို ပျက်စီး စေချင်တာ၊ အမှန်ကို အမှား၊ အမှားကို အမှန်လို့ ယူဆတာ တွေဟာ စိတ်နဲ့သာ လုပ်ဆောင် နိုင်သမို့ မနောကံ သုံးပါးလို့ ခေါ်ပါတယ်။

ဒါတွေ အားလုံးကို ပေါင်းလိုက်တော့ ဒုစရိုက် ဆယ်ပါး ဖြစ်သွားပါတယ်။ အဲဒီ မကောင်းတာ တွေကို လုပ်ရင် မကောင်းတာ တွေပဲ ဖြစ်ပါလိမ့်မယ်။ ကောင်းတာ တွေကို လုပ်ရင်တော့ ကောင်းကျိုးတွေ ရပါ လိမ့်မယ်။ အဲဒါဟာ ကံနဲ့ ကံ၏ အကျိုးကို ယုံကြည်တာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာ တွေဟာ အလွန် သိသာပါတယ်။ အဲဒီလို သိတာကို ဝိဇ္ဇာလို့ ခေါ်ပြီး မသိတာကို အဝိဇ္ဇာလို့ ခေါ်ပါတယ်။ မသိတဲ့ အတွက် အကုသိုလ် မကောင်းမှု တွေကို လုပ်မိ ကြပါလိမ့်မယ်။ သိရင်တော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။

မကောင်းတဲ့ အာရုံများဟာ လောဘ၊ ဒေါသ၊ မောဟ အကြောင်း သုံးပါး ကြောင့်သာ ပေါ်လာရတာပါ။ မြင်လို့၊ ကြားလို့၊ အနံ့ရလို့၊ အရသာခံလို့၊ တွေ့ထိလို့၊ စိတ်ပျံ့လွင့်တာကို မထိန်းနိုင်လို့ ဒီအကြောင်း သုံးပါး ဖြစ်ပေါ်ခြင်းပါပဲ။ မြင်တာကို နှစ်သက်ရင် လောဘ၊ မနှစ်သက်ရင် ဒေါသ ဖြစ်ပါတယ်။ ဒီတော့ မြင်တာကို “မြင်တယ်” လို့ အသိစိတ် ဝင်ပြီး အဲဒီမှာတင် ရပ်ထားနိုင်ရင် လောဘနဲ့ ဒေါသ ဝင်မလာ နိုင်ပါဘူး။

ရပ်နေတုန်း၊ ထိုင်နေတုန်း၊ သွားနေတုန်း၊ အိပ်နေတုန်း အချိန်တွေမှာ “မြင်တယ်၊ ကြားတယ်၊ ရပ်တယ်၊ ထိတယ်၊ နံတယ်” ဆိုတာ လောက်မှာပဲ သတိထား နေရင် လောဘ ဒေါသတွေ ဝင်မလာ နိုင်တော့ပါဘူး။အဲဒီလို နှလုံး သွင်းနေတာကို “သမ္ပဇည ပဗ္ဗ” တရား အားထုတ်နည်း လို့ ခေါ်ပါတယ်။ မြန်မာလိုတော့ သတိ သမ္ပဇဉ်နဲ့ နေနည်းပေါ့။

အဲဒီလိုသာ လူတိုင်း နေနိုင်ကြရင် သူများ အသက်ကို သတ်ခြင်း၊ ခိုးယူ တိုက်ခိုက်ခြင်း၊ နိုင့်ထက် စီးနင်း လုပ်ချင် ကြတော့မှာ မဟုတ်ပါဘူး။ တကမ္ဘာလုံး ကသာ ကျင့်သုံးနို်င် ရင်တော့ တကမ္ဘာလုံး ငြိမ်းချမ်း ကြမှာမို့လို့ ကမ္ဘာအေး တရားဟု မှတ်ကြပါလော့။

(တောင်ပုလု ကမ္ဘာအေး ဆရာတော်ကြီး မှ ဆရာကြီး ဦးသုခ အပါအ၀င် ပါရမီရပ်ကွက်မှ ဒကာ ဒကာမ များကို ဟောကြားသော ကမ္ဘာအေး တရားတော်ကို ဓမ္မရသ အလှမျိုးစုံ စာမျိုးစုံ စာအုပ်မှ အကျဉ်းချုံ ကူးယူ ဖေါ်ပြထားခြင်း ဖြစ်ပါတယ်။)

Tuesday, December 9, 2008

ပြည်ထောင်စုထဲမှ “ပအိုဝ်း”လူမျိုးများ

ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဟာ ပြည်နယ်ခုနှစ်ခု၊ တိုင်းခုနှစ်ခုနဲ့ တည်ဆောက်ထားတယ်လို့ ကျနော်တို့ စာဖတ်သူတို့ ငယ်ငယ်တုန်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေမှာ လေ့လာခဲ့ကြပါတယ်။ အဲဒီ ပြည်နယ်တွေ၊ တိုင်းတွေထဲမှာ အဓိက လူမျိုးစု (၇)စုရှိတယ် ပြောပေမယ့်၊ လူမျိုးစုလေးတွေကို ရေတွက်ကြည့်မယ်ဆိုရင် လူမျိုးစုပေါင်း (၁၀၀)ကျော်တယ်လို့ ရှေးလူကြီးရေးသားတဲ့ စာအုပ်ပေါင်းချုပ်တစ်ခုမှ ဖတ်လိုက်ရမိပါတယ်။
အဓိက လူမျိုးကြီးတွေကတော့ ကျနော်တို့ စာဖတ်သူများ သိကြတဲ့အတိုင်း၊ သတ်မှတ်ကြတဲ့အတိုင်းဖြစ်တဲ့ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း) တို့ပဲ ဖြစ်ပါတယ်။ ဒီလူမျိုးကြီး (၇)မျိုးကို လူမျိုးကြီးလို့ ခေါ်ဆိုသတ်မှတ်ကြလေ့ ရှိပါတယ်။ အဲဒီလူမျိုးကြီး (၇)မျိုးထဲမှာမှ လူမျိုးစုလေးတွေ ရှိတယ်လို့လည်း မှတ်သား သိရှိရပါတယ်။ ဥပမာအနေနဲ့ ကျနော်ပြောလိုတဲ့ “ပအိုဝ်း”လူမျိုး၊ “၀”လူမျိုး၊ “အင်းသား”၊ “ဓနု” အစရှိသည်တို့ကို “ရှမ်း”လူမျိုးကြီးထဲမှာ ထည့်သွင်းပြီး ခေါ်ဆိုသမုတ်ကြပါသေးတယ်။ အခြားလူမျိုးကြီး တွေမှာလည်းပဲ အထက်ပါပုံစံမျိုး ခေါ်ဆိုမှုတွေ ရှိနေမှာပါ။ အသေးစိပ်ကို သမိုင်းစာအုပ်တွေမှာ တွေ့ရမှာ မဟုတ်ပါပေမယ့် ရှေးလူကြီးများထံတွင် မေးမြန်းပြီး အမှန်တရားတွေကို ရှာဖွေ၊ ရယူနိုင်ပါမယ်။ ဒီလိုနဲ့ .. ပြည်ထောင်စု မြန်မာနိုင်တော်ကြီးမှာ တိုင်းရင်းသားများ စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ် အတူအကွ၊ နေထိုင်ကြတယ် ဆိုပါစို့ … ။

ကျနော်ပြောလိုတဲ့ “ပအိုဝ်း”လူမျိုးဆိုတာ လူမျိုးကြီးထဲမှာ တွေ့ရမှာမဟုတ်ပါဘူး။ လူမျိုးစုလေး အနေနဲ့သာ တွေ့မြင်ရမယ်ဖြစ်ပြီး၊ တော်ရုံတန်ရုံ လူသိထင်ရှားမှု နည်းပါးပါတယ်။ ရှေးလူကြီးတစ်ဦး၏ ပြောဆိုချက်အရဆိုရင် “ပအိုဝ်း”လူမျိုးများရဲ့ ထီးနန်းပျက်သုန်း ခဲ့ပြီးနောက်၊ လူမျိုးပျောက်ဆုံး၊ ကွယ်ပျောက်ခဲ့တယ်လို့ ဆိုပါတယ်။ ထီးနန်းပျက်သုန်းသွားတဲ့ ခေတ်ကတော့ ကျနော်အသေအချာ မသိပေမယ့် အနော်ရထာ မင်းတရားကြီး ထီးနန်းသိမ်းပိုက်ခဲ့လို့ ပျက်သုန်းခဲ့တယ်လို့ နာကြားဖူးပါတယ်။
ပအိုဝ်းမင်းဆက်အစက မင်းကြီးတစ်ပါးကို ဖော်ပြရလိုလျှင် “သူရိယစန္ဒာ”မင်းပဲ ဖြစ်ပါတယ်တဲ့။ “သူရိယစန္ဒာ” မင်းတရားကြီးဟာ၊ အရင်ခေတ်က ဘုန်းတန်ခိုး အင်မတန်ကြီးမားတဲ့ မင်းတပါးဖြစ်တယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ သူ့၏တိုင်းပြည်ဟာ အရင်ခေတ်မှာ ချမ်းသာ ကြွယ်ဝပြီး၊ ဆန်၊ ရေ၊ စပါးလည်း ပေါကြွယ်ဝတဲ့ ပြည်တစ်ခုဖြစ်ခဲ့ပါတယ်တဲ့။
မြတ်စွာဘုရား၏ “ပိဋကတ်သုံးပုံ” ကို ပထမ၊ အစဦးဆုံး တည်ထားကိုးကွယ်သော မင်းကြီးတပါးလည်း ဖြစ်ပါတယ်။ ဘာသာရေး အလွန်ကိုင်းရှိုင်းပြီး၊ ဘုန်းတန်ခိုးအာဏုဘော် ကြီးမားသော မင်းကြီးတစ်ပါးအနေနဲ့လည်း ကျော်ကြားခဲ့တယ်လို့ လေ့လာမှတ်သားရပါတယ်။ ထိုသို့ “သူရိယစန္ဒာ”မင်းကြီး၏ ကျော်ကြားမှုကို နားတော်ပါး ကြားသိသောအခါ အနော်ရထာ မင်းတရားကြီးဟာ၊ မြတ်စွာဘုရား၏ “ပိဋကတ်သုံးပုံ”ကို လုယူဖို့ အမျိုးမျိုးကြံစည် လာခဲ့ပါတယ်။ နည်းလမ်းမျိုးစုံနှင့် ရအောင် ကြံစည်ခဲ့တယ်လို့လည်း ရှေးလူကြီးတစ်ဦး ပြောကြားမှုအရ မှတ်သားရပါတယ်။
လိုရင်းသို့ ပြောရလိုလျှင် အနော်ရထာမင်းကြီး၏ ကြံစည်မှုဖြင့် “သူရိယစန္ဒာ”မင်းကြီး ဘုန်းတန်ခိုး နှိမ့်လျောစဉ်တွင်၊ တိုင်းပြည်ကို ၀င်ရောက်သိမ်းပိုက်ခဲ့ပြီး၊ မြတ်စွာဘုရား၏ “ပိဍကတ်သုံးပုံ”ကိုလည်း ပုံဂံပြည်သို့ ပင့်ဆောင် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

1 comment:

Unknown said...

သမိုင်းကို ပိုပြီး လေ့လာစေချင်ပါတယ်။ မသိပဲ နှင့် တက်မရေးပါနဲ့။ ကိုယ့် အတွက် မကောင်း သ လို သူများ အတွက် လဲမကောင်းပါဘူး။ အနော်ရထာ ဟာ အစ်ကိုပြောသလို မင်းဆိုးမျိုးထဲ မပါသလို။ အစ်ကို တို့ လူမျိုးဟာလည်း အဲလောက် မကြီးကျယ်ခဲ့ပါဘူး။ ကျွန်တော် အဘိုး က သမိုင်း ပါမောက္ခတစ်ယောက် ပါ။ အဘိုး ကို သေချာမေးခဲ့သလို ကိုယ်တိုင်လဲ လေ့ လာခဲ့ ပါတယ်။ အစ်ကိုပြောတဲ့ အစ်ကိုတို့မင်းမျိုးကို သမိုင်းထဲမှာ မတွေ့ရပဲ ပါးစပ်သမိုင်း မှာပဲ တွေ့ရ တာပါ။ ကိုယ် သူငယ်ချင်းတွေ ချည်း ဖတ်နေတော့ သိပ်မသိသလို သူများ လာဖတ် တဲ့ အခါ ရှက်ဖို့ကောင်းပါတယ်။ဆင်ခြင်ပါ။ သေချာ လေ့ လာပြီးမှ စာရေးပါ ။ ပါးစပ်သမိုင်းဆို တာ အဘိုးမှမြေးကို ပြောနိုင်ပါတယ်။ တကယ်လို့ကျွန်တော် က ကျွန်တော့်သားမြေးတွေ ကို ငါအဘိုးက မင်းမျိုး လို့ပြောထားရင် တီတွတ်ကျွတ် ထိ ယုံကြည် ကြပါလိမ့် မယ်။ လူဆိုတာ ကိုယ့် အကြောင်းကိုယ် အသိဆုံးပါ။ အများလက်ခံ သော သမိုင်းကို ကိုယ့် ဆုံးဖြတ်ချက်နဲ့ အမှားမခံပါနဲ့။